...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

ယုံချင်ယုံ မယုံချင်နေ။

သီတင်းကျွတ်ကျွတ်ခြင်း အိမ်နားက မင်္ဂလာဆောင်တာ ကျမမြင်တော့ သီတင်းကျွတ်ရင် လက်ထပ်တော့မယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ကို ပြေးပြီး သတိရမိတယ် ။

သီတင်းကျွတ်ရင် လက်ထပ်မယ်ဆိုမှ ဗေဒင်ဆရာက ရည်းစားဦးနဲ့ ကွဲကိန်းရှိတယ် ။ခုချစ်သူက ရည်းစားဦးဆို သေချာတယ် ညည်းတို့ ကွဲမှာပဲ တဲ့ ။ အဟီး အဲလိုဟောတော့ ကျမ သူငယ်ချင်းက ငိုတာပေါ့ ။မကြီးဆိုတဲ့ သူငယ်ချင်း နဲ့ ကျမကတော့ အချစ်ဆိုတာကိုလဲ မသိ ကိုယ်ချင်းလဲ မစာတတ်နဲ့ သူငိုတော့ ဟာသကိုဖြစ်လို့။

သူက အငိုတိတ်ပြီဆို မကြီးနဲ့ ကျမက အဟား ကွဲမှာပါဆိုမှ လွမ်းနေသတိရနေပြန်ပြီလားဆိုပြီး ပြန်စတော့သူက ငိုပြန်ရော ။ သီတင်းကျွတ်မှာ သူ့ချစ်သူနဲ့ ကျမသူငယ်ချင်း တကယ်ပဲ မင်္ဂလာဆောင်ဖြစ်ခဲ့တယ် ။

မကြီး ကိုကျတော့ ဗေဒင်ဆရာက ဒီနှစ်တွင်း လုံးဝအိမ်ထောင် ကျကိန်းရှိတယ်တဲ့ ။ချစ်သူတောင်မရှိသေးတဲ့ မကြီးက ဟေး ကနဲ အော်ပြီး ပျော်စရာကြီး တဲ့ ။ မကြီးက ပျော်ပျော်နေတတ်တဲ့ သူမို့ ဗေဒင်ဆရာက အရမ်းမပျော်နဲ့ဦး အဲဒီဖူးစာရှင်က ညည်းတော်တော် ဦးဆောင်ရ တွဲခေါ်ရမှာတဲ့ ။ပျော်စေပြက်စေနဲ့ပဲ ဗေဒင်ကို လျှောက်မေးကြတာလေနော် ။
တကယ်လဲ အဲဒီနှစ်မှာ မကြီး မင်္ဂလာဆောင်ဖြစ်တယ် ။
ကျမကို ဟောတာတွေကျ မေ့နေပြီ အဟီး ...

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........