...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

အတိတ်ကို ခစားခြင်း ….

လိုချင်တိုင်းမရနိုင်တဲ့ဘ၀မှာတောင်
ပိုင်ဆိုင်ရလိုက်တိုင်း လိုချင်တယ်လို့
ဘယ်သူပြောနိုင်မှာလဲ
ဒီလိုပဲ
သတိရတိုင်းတာ ငိုနေရရင်
ငါ့မျက်ရည်ခမ်းခြောက်နိုင်တယ်။
သတိရတိုင်းတာ လွမ်းနေရရင်
ပျော်စရာနေ့တွေ ပျောက်သွားနိုင်တယ်။
ဒီလိုနဲ့ပဲ
သတိရတိုင်းတာ ချစ်တယ်လို့ယူဆရင်
ငါဟာ အချစ်ခံသူတစ်ယောက်သာ ဖြစ်ပါစေ။
ချစ်တတ်သူတစ်ယောက်အတွက်ဟာ
အစကတည်းက ငါဖြစ်တည်ခဲ့ပြီးသားပါ။

နွေသစ်ခွ။

လွမ်းလှ နွမ်းလျ ...

မိုင်တွေ အသင်္ချေ ရေမြေတွေခြား

ဝေးနေရတဲ့ ရက်များ နှစ်လတွေရှည် မမြင်ရလေတဲ့

ငေးစိမ့်အကြင်နာ နူးညံ့ရင်ခုန်စွာ ယုံကြည်ခဲ့တဲ့ မျက်ဝန်းတစ်စုံကို

လွမ်းလွန်းမက လွမ်းရတဲ့ ဒီလိုနေ့ရက်တွေ အမြန်ကုန်ဆုံးပါစေလေ…

ဝေဟင်မှာ လမသာပေမယ့် ကြယ်တွေမှုန်ပျ ကာရံလှတဲ့ သံစဉ်

အေးမြရင်ခွင် မှေးစက်ခုံမင် ရယ်ရွှင်ရတဲ့ရက်လေး မနှေးပိုင်ဆိုင် သီကျူးနိုင်ပါစေလေ..


ချစ်သူကို လွမ်းလို့ခံစားရေးသားထားပါသည်။
(၂၆.၉.၀၉) မင်းပိုင်စိုးစေ

ချစ်သူ့ကဗျာ

Honey…
Are you know that,
I want to move the time.
Because,
I miss you every time of me.
I want to get the wins.
Because,
I really wanna run to you.
Sometime I wanna cry
Because
I miss you so much…
Always I wanna hug you in my arm….
Because I need you for along of my life..
You are my first…
You are my last
You are my light…
You are my life…
You are my essential….
You are my forever….
I always want to say you so simple one
That
I Love you so much more than I can say
.....................................................................................................................................................................................................................................................................................................................................................................
Forever ( 16-8-09)

ချစ်သူ့ ပေးတဲ့ အိပ်မက်

Lover….

I dream a thousand of dreams
Only one I wish comes to true
You see that wish
With all my soul
It just to be with you……

I wish you were here
To my hold my hand
Whenever I get lonely
Or wrap a loving arm around me
When distance makes me sad……

I wanted you as mine
You already stolen my heart
With such sweet words
I swear my heart would cry…..

But for now I can only sit here
And missing you so much with full of heart
Anyway anyhow I still love you
My love will never die for you
Until the end of my breath……….

Forever (3-8-09)

ဝေးသွားတဲ့ အခါ...

ကျမ သူငယ်ချင်း ပို့ပေးထားတဲ့ ကဗျာလေး ကို သူ့ခွင့်ပြုချက် မရပဲ နဲ့ ကျမ တင်လိုက်ပြန်ပြီ ။
သူငယ်ချင်းက သဘောကောင်းတော့ ခွင့်လွှတ်ပြုံးနဲ့ ကြည်ဖြူစွာ ခွင့်ပြုမယ်လို့ ကျမ ယုံကြည်တာကြောင့်ပါ ။
ခံစားတတ်သူတိုင်း မျှဝေခံစားနိုင်အောင် လို့ .. သူ့ကဗျာနာမည်လေး က “ဝေးသွားတဲ့ အခါ ”တဲ့
ဖတ်ကြည့်နော် ..

“လိုအင်တစ်စုံရဲ့ အလွှဲ ”

သူငယ်ချင်းတစ်ယောက် ရဲ့ ကဗျာကို အမှတ်တရ တင်ထားတာ။

“လိုအင်တစ်စုံရဲ့ အလွှဲ ”

ပစ်ခြင်းပစ် ငါ့ကို ပစ်ရမယ့်အစား

မျှားနတ်မောင်က ပြစ်သွားတယ်။

ချစ်ခြင်းချစ် ငါ့ကိုချစ်ရမယ့်အစား

ရင်ဘတ်ကိုသူ ခြစ်ချသွားတယ်။

အနာတရရင်ခွင်တစ်စုံနဲ့ လုံးထွေးရင်း

လွမ်းဆွေးမှုတွေကို ဖြေဆေး လုပ်နေခဲ့ရတာကြာပြီ။

ဖြစ်ချင်းဖြစ် ငါဖြစ်ရမယ့်ဟာကို

သူ့ချစ်သူက ငါ့ရန်သူဖြစ်နေတယ်။

ကဲဘယ်လိုလဲ ဥသြကိုမှ သွားဆွေးပြချင်တော့

ရင်ခွင်လာမှန်တဲ့ စကားလုံးတွေက

မုန်းလို့ မလောက်ဘူးဖြစ်နေတယ်။

နွေသစ်ခွ။
 
....../******EOT*******/..........