...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

အတိတ်ကို ခစားခြင်း ….

လိုချင်တိုင်းမရနိုင်တဲ့ဘ၀မှာတောင်
ပိုင်ဆိုင်ရလိုက်တိုင်း လိုချင်တယ်လို့
ဘယ်သူပြောနိုင်မှာလဲ
ဒီလိုပဲ
သတိရတိုင်းတာ ငိုနေရရင်
ငါ့မျက်ရည်ခမ်းခြောက်နိုင်တယ်။
သတိရတိုင်းတာ လွမ်းနေရရင်
ပျော်စရာနေ့တွေ ပျောက်သွားနိုင်တယ်။
ဒီလိုနဲ့ပဲ
သတိရတိုင်းတာ ချစ်တယ်လို့ယူဆရင်
ငါဟာ အချစ်ခံသူတစ်ယောက်သာ ဖြစ်ပါစေ။
ချစ်တတ်သူတစ်ယောက်အတွက်ဟာ
အစကတည်းက ငါဖြစ်တည်ခဲ့ပြီးသားပါ။

နွေသစ်ခွ။

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........