...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

“လိုအင်တစ်စုံရဲ့ အလွှဲ ”

သူငယ်ချင်းတစ်ယောက် ရဲ့ ကဗျာကို အမှတ်တရ တင်ထားတာ။

“လိုအင်တစ်စုံရဲ့ အလွှဲ ”

ပစ်ခြင်းပစ် ငါ့ကို ပစ်ရမယ့်အစား

မျှားနတ်မောင်က ပြစ်သွားတယ်။

ချစ်ခြင်းချစ် ငါ့ကိုချစ်ရမယ့်အစား

ရင်ဘတ်ကိုသူ ခြစ်ချသွားတယ်။

အနာတရရင်ခွင်တစ်စုံနဲ့ လုံးထွေးရင်း

လွမ်းဆွေးမှုတွေကို ဖြေဆေး လုပ်နေခဲ့ရတာကြာပြီ။

ဖြစ်ချင်းဖြစ် ငါဖြစ်ရမယ့်ဟာကို

သူ့ချစ်သူက ငါ့ရန်သူဖြစ်နေတယ်။

ကဲဘယ်လိုလဲ ဥသြကိုမှ သွားဆွေးပြချင်တော့

ရင်ခွင်လာမှန်တဲ့ စကားလုံးတွေက

မုန်းလို့ မလောက်ဘူးဖြစ်နေတယ်။

နွေသစ်ခွ။

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........