...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

အေးအေး... ဘုန်းကြီးဆုတွေ ထပ်ချပေးမယ်

ဆေးခန်းထဲကို ဘုန်းကြီး တစ်ပါးဝင်လာတယ်။

ဆေးခန်းရှေ့မှာ ရပ်ပြီး လက်အုပ်ချီနေတဲ့ ဆရာဝန်မလေးကို မြင်တော့ ဘုန်းကြီးက ရပ်ပြီးဆုတွေ ပေးလိုက်တယ်။

ဆုတွေပေးပြီးလဲ ဒီဒကာမလေးက ပြုံးပြုံးလေး လက်အုပ်ချီဆဲ ဘုန်းကြီးက စကားပြောလဲ ပြန်မပြောတော့ ဘုန်းကြီးက ဒကာမဆုတွေ ထပ်ရချင်သေးလို့လား ။
.
..ဆိုပြီး ဘုရား စာတွေ အရှည်ကြီး ဆက်ဟောပေးနေရော ။

ဒါလဲ ဒကာမလေးက လက်ဦးချီပြီး ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောတာကို ဘုန်းကြီးက စကားတွေ တတွတ်တွတ်ပြောနေတာကို မြင်တဲ့ နာစ့်မလေးက မေးတယ် ။

အရှင်ဘုရား ဘာကူညီရမလဲ ဘုရား ..ဆိုပြီး ခုနက ဘုန်းကြီး စကားပြောနေတဲ့ မတ်တပ်ရပ်ရှိခိုးနေတဲ့ အရုပ်ကို လုံခြုံရေးက လာမသွားရော။

ဒါကို ဘုန်းကြီးက မမြင်ပြန်ဘူး ဘာကူညီရမလဲ ဆိုတဲ့ နာစ့်မကို ဘုန်းကြီးက ခုနက ဆရာဝန်ဒကာမ ဘယ်ရောက်သွားပြီလဲ တဲ့မေးတုန်း။
အဲဒါလူမဟုတ်ဘူး ဘုရား ဆိုမှ အော် ....တဲ့။

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........