...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

ချင်းမိုင် ကမ်းခြေလို့နာမည်ကြီးတဲ့ ဟွေ့ တင်းထောဝ့် (ကန် )

ကလေး လူကြီး သူငယ်ချင်း စုံတွဲ စတဲ့စတဲ့ လူတွေ လာအပန်းဖြေနားနေကြတဲ့ ညနေကမ်းခြေအလှပုံလေးတွေ ..





အတိတ်ကို ခစားခြင်း ….

လိုချင်တိုင်းမရနိုင်တဲ့ဘ၀မှာတောင်
ပိုင်ဆိုင်ရလိုက်တိုင်း လိုချင်တယ်လို့
ဘယ်သူပြောနိုင်မှာလဲ
ဒီလိုပဲ
သတိရတိုင်းတာ ငိုနေရရင်
ငါ့မျက်ရည်ခမ်းခြောက်နိုင်တယ်။
သတိရတိုင်းတာ လွမ်းနေရရင်
ပျော်စရာနေ့တွေ ပျောက်သွားနိုင်တယ်။
ဒီလိုနဲ့ပဲ
သတိရတိုင်းတာ ချစ်တယ်လို့ယူဆရင်
ငါဟာ အချစ်ခံသူတစ်ယောက်သာ ဖြစ်ပါစေ။
ချစ်တတ်သူတစ်ယောက်အတွက်ဟာ
အစကတည်းက ငါဖြစ်တည်ခဲ့ပြီးသားပါ။

နွေသစ်ခွ။

လွမ်းလှ နွမ်းလျ ...

မိုင်တွေ အသင်္ချေ ရေမြေတွေခြား

ဝေးနေရတဲ့ ရက်များ နှစ်လတွေရှည် မမြင်ရလေတဲ့

ငေးစိမ့်အကြင်နာ နူးညံ့ရင်ခုန်စွာ ယုံကြည်ခဲ့တဲ့ မျက်ဝန်းတစ်စုံကို

လွမ်းလွန်းမက လွမ်းရတဲ့ ဒီလိုနေ့ရက်တွေ အမြန်ကုန်ဆုံးပါစေလေ…

ဝေဟင်မှာ လမသာပေမယ့် ကြယ်တွေမှုန်ပျ ကာရံလှတဲ့ သံစဉ်

အေးမြရင်ခွင် မှေးစက်ခုံမင် ရယ်ရွှင်ရတဲ့ရက်လေး မနှေးပိုင်ဆိုင် သီကျူးနိုင်ပါစေလေ..


ချစ်သူကို လွမ်းလို့ခံစားရေးသားထားပါသည်။
(၂၆.၉.၀၉) မင်းပိုင်စိုးစေ

အေးအေး... ဘုန်းကြီးဆုတွေ ထပ်ချပေးမယ်

ဆေးခန်းထဲကို ဘုန်းကြီး တစ်ပါးဝင်လာတယ်။

ဆေးခန်းရှေ့မှာ ရပ်ပြီး လက်အုပ်ချီနေတဲ့ ဆရာဝန်မလေးကို မြင်တော့ ဘုန်းကြီးက ရပ်ပြီးဆုတွေ ပေးလိုက်တယ်။

ဆုတွေပေးပြီးလဲ ဒီဒကာမလေးက ပြုံးပြုံးလေး လက်အုပ်ချီဆဲ ဘုန်းကြီးက စကားပြောလဲ ပြန်မပြောတော့ ဘုန်းကြီးက ဒကာမဆုတွေ ထပ်ရချင်သေးလို့လား ။
.
..ဆိုပြီး ဘုရား စာတွေ အရှည်ကြီး ဆက်ဟောပေးနေရော ။

ဒါလဲ ဒကာမလေးက လက်ဦးချီပြီး ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောတာကို ဘုန်းကြီးက စကားတွေ တတွတ်တွတ်ပြောနေတာကို မြင်တဲ့ နာစ့်မလေးက မေးတယ် ။

အရှင်ဘုရား ဘာကူညီရမလဲ ဘုရား ..ဆိုပြီး ခုနက ဘုန်းကြီး စကားပြောနေတဲ့ မတ်တပ်ရပ်ရှိခိုးနေတဲ့ အရုပ်ကို လုံခြုံရေးက လာမသွားရော။

ဒါကို ဘုန်းကြီးက မမြင်ပြန်ဘူး ဘာကူညီရမလဲ ဆိုတဲ့ နာစ့်မကို ဘုန်းကြီးက ခုနက ဆရာဝန်ဒကာမ ဘယ်ရောက်သွားပြီလဲ တဲ့မေးတုန်း။
အဲဒါလူမဟုတ်ဘူး ဘုရား ဆိုမှ အော် ....တဲ့။

13 လမ်းနဲ့ 18 လမ်းထိပ်ချင်းမှားလို့ပါ.....

18 လမ်းထိပ်ကိုပို့ပေးပါဆိုတဲ့ အမူးသမား တစ်ယောက်ကို TAXI သမားက 13 လမ်းထိပ်မှာ မှားပြီး ချပေးမိတယ်။

အမူးသမားလဲ အိမ်ေ၇ှ့ရောက်တော့ အိမ်တံခါးခေတ်ထားတော့ ဆဲလဲ ဆဲခြံတံခါးကို ဘယ်သူသော့ခေတ်လဲဆိုပြီးအော်တော့ ခြံထဲက ခွေးက ပြေးဟောင်ရောတဲ့ ။ငါက နင့်ပိုင်ရှင် ငါ့ကိုတောင် မမှတ်မိပဲ ဟောင်ရလား ဒီခွေး ဆဲပြန်ရော ခွေးကလဲ ဆက်တိုက်ဟောင်ရော ။

အရက်ကလဲ မူးခြံတံခါးလဲ ဖွင့်မရတော့ စိတ်ကတိုလှပြီ အဲဒါနဲ့ ခါးထဲ ကသေနတ်ထုတ်ပြီး ဒီခွေးဒီလောက်ဖြစ်တာ သေစမ်းဆိုပြီး နှစ်ချက်သုံးချက်လောက် ပစ်ချလိုက်တော့ အိမ်ထဲ လူတွေ ပြေးထွက်လာတယ်။

ခင်ဗျား ကျနော့်ခွေး ဘာလို့ ပစ်တာလဲ ဆိုပြီး ဒေါနဲ့ မောနဲ့ လာပြောတော့ ကျူပ်ခွေး ကျုပ်ပစ်တာ ဘယ်သူဘာပြောမလဲ ။ကျုပ်အိမ်ထဲခင်ဗျားက ဘာဝင်လုပ်တာလဲ ဆိုပြီးသူက အဲလူ ပခုံးကို လှမ်းဆွဲလား ရမ်းလား လုပ်တယ်။

အိမ်ရှင်က ဟာ ဘာခင်ဗျားအိမ်လဲ ဒါကျူပ်အိမ် ။

အမူးသမားက ကျူပ်အိမ်ဒါ၁၈ လမ်းထိပ်က ကျနော့်အိမ် ဆိုပြီး ပြောတော့မှ အိမ်၇ှင်က အဲမှာ လှမ်းကြည့်လိုက်ဦး ဒါ ၁၃ လမ်းထိပ်လို့ လက်ညှိုးထိုးပြလို့ ကြည့်မှ ကားသမား က 18 နဲ့ 13 လမ်းထိပ် ကို မှားချပေးခဲ့လို့ အမူးသမားလဲ သူ့အိမ်ထင်တာနဲ့ ရပ်ကွက်ထဲက လူတွေ ၀ိုင်းရိုက်လို့ မနည်း ထွက်ပြေးလာခဲ့ရတယ်ဆိုပဲ။

တပို့တွဲလပြည့်အမှတ်တရ





ပန်းပွဲတော်

ဖေဖေါ်ဝါရီလ (၇) ရက်နေ့ရောက်တိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပန်းပွဲတော် နှစ်စဉ် ကျင်းပတယ်။
(၇ )ရက်နေ့ မနက် (၁၀ )နာရီလောက်တည်းက စပြီး ပန်းအလှဆင် ကားတွေ မြို့ထဲကို စလှည့်ပြီး သူ့အဖွဲ့ကိုယ့်အဖွဲ့
ပြိုင်ပွဲဝင်ကြတယ် ။
တစ်ကားလုံးကို နှမ်းပွင့် ၊နေကြာ ကစ ဌက်ပျောရွက် အဆုံး အားလုံးအားလုံးကို ပန်းမျိုးစုံနဲ့ ပုံဖော် အလှဆင်ထားတာ ။ ပန်းမျိုး တစ်ရာ မက မျိုးစေ့ပေါင်းစုံကိုလည်း ပွဲခင်းထဲမှာ ချရောင်းကြတာ ပန်းခင်းထဲ ရောက်သွားသလိုပဲ ။ ပွဲလည်တဲ့သူတွေ ကြိတ်ကြိတ်တိုး ပြီး ဓါတ်ပုံတွေ ရိုက်ကြတာ ၊လည်ရတာ ပျော်စရာလည်းကောင်းတယ် ။











 
....../******EOT*******/..........