ဒီနေ့ တူလေးကို မူကြို စပို့တဲ့နေ့ ။
ဆရာမတွေက မစောင့်ကြည့်လဲရတယ် ။နေ့တစ်ပိုင်းလောက်မှ လာပြန်ကြိုပြီး တရက်နည်းနည်းစီဆို အကျင့်ရသွားမယ် အလွန်ဆုံး လေးငါးရက်ပေါ့တဲ့ ။
အစက ခဏလေး စောင့်ကြည့်ဖို့ပဲ ဆရာမတွေ အဲလိုပြောတော့ ဆရာမတွေလက်ထဲ သူ့ကိုထားပြီး အိမ်ပြန်လာခဲ့တယ်။
တူလေးကိုကျောင်းမှာထားခဲ့ပြီး အိမ်ပြန်လာတော့ စိတ်ထဲနေလို့ မကောင်းဘူး ။သူ့တွက် စိတ်ပူမိ စိုးရိမ်နေမိတယ် ငိုမှာမပျော်မှာ အမျိုးမျိုးတွေးပူနေမိတာ ။
အိမ်ရောက်တော့လည်း စိတ်ကနေလို့မရဘူး ဆရာမနား ဖုန်းဆက်မေးမယ်ဆို သူ့အမေက 'အာဆရာမတွေက ငိုလဲမငိုဘူး ဘာမှ မဖြစ်ဘူးပဲ ပြောမှာပေါ့ 'ဆိုလို့ ဒီတိုင်းနာရီထိုင်ကြည့်ရင်း သူတို့ပြောထားတဲ့ အချိန်အမြန်ရောက်စေချင်လှပြီ။အိမ်ကလူတွေ အားလုံး သူ့အဘွားကစ သူ မပျော်မှာကို စိုးရိမ်စိတ်ပူနေကြတာ။
နေ့လည် ၁၁ နာ၇ီခွဲလောက်လာကြိုတဲ့ ကျမနေလို့ မရပါဘူး စိတ်ပူတယ် မနက်စာလဲ မစားသွားနဲ့ ပြီးတော့ တူလေးက သူစိမ်းတွေ ကြားမှာဆို အမြဲ အားငယ်တတ်ကြောက်တတ် တာကို သိတော့ ငိုနေမယ်ဆိုတာ သေချာသိနေတယ်လေ။
၁၁ နာရီလောက်တည်းက ကျောင်းကိုရောက်သွားပြီး တိတ်တိတ်ကလေး သွားချောင်းကြည့်တော့ ဆရာမက ချီထားနေရတယ် ။ခဏလေးနေတော့ ဆရာမ ရင်ခွင်ထဲ ခေါင်းလေးတိုးပြီး တအင့်အင့်နဲ့ရှိုက်ငိုနေတယ်။
သူ့နားကျမတို့ ရောက်သွားတော့ ဆရာမက ကြည့်ပါဦး ဘယ်သူလာလဲဆိုလဲ ခေါင်းမဖော်ပဲ ဆရာမရင်ခွင်မှာ ရှိုက်တုန်း။
ကျမ မနေနိုင်တော့လို့ လှမ်းခေါ်တော့ ကျမဆီငိုငိုယိုယိုနဲ့ပြေးလာတယ် ။ အခြား သူ့အရွယ် ကလေးလေးတွေက သူငိုတာကို ရပ်ငေးထိုင်ငေးနဲ့ ၀ိုင်းပြီးငေးကြည့်နေကြတယ် ။
ဆရာမက ပြောတယ် သူကတော်သေးတယ် ။တချိန်လုံးမငိုနေဘူး ။တိတ်လိုက်ငိုလိုက်ရှိသေးတယ် ။အခြားကလေးဆို အသံဗြဲနဲ့ တချိန်လုံးအော်နေတာမျိုးတဲ့။ထမင်းကျွေးတော့လဲ မစားဘူးတဲ့ နောက်ဆို အကျင့်ဖြစ်သွားရင်တော့ ဆော့မယ့် သဘောရှိပါတယ် ကလေးကတဲ့ ။
အစပိုင်းမှာ ကျောင်းခန်းထဲ မ၀င်ချင်ပဲ အပြင်က ကလေးကစားစရာတွေနဲ့ဆော့ချင်လို့ အကျင့်ဖြစ်သွားမှာစိုးလို့ ဆရာမက အခန်းတံခါးပိတ်ထားရတယ်လို့ ဆရာမက ပြောပြတယ် ။
တူလေးကတော့ ဆရာမက တံခါးကိုလောဂ့်လုပ်ပစ်တယ်တဲ့ အိမ်ရောက်တော့ ပြန်ပြောပြနေတယ်။ပြီးတော့ သားက ငိုတော့ ဆရာမက မငိုနဲ့ဆိုပြီး ဖင်ကို ရိုက်တယ်တဲ့ ။( ခြောက်တာမျိုးနေမယ် ထင်တယ် သူကတော့ အဲလိုပဲ အကုန်ပြောနေတော့တယ်)
ပထမဆုံးကျောင်းသွားပို့တဲ့နေ့မှာ လွယ်အိတ်လဲ မ၀ယ်ရသေးပဲနဲ့ လေသူ့ကို ရှိတဲ့ အိတ်နဲ့ ထည့်ပေးတာ ရီလဲ ရီရတယ်။
သားသားနောက်နေ့ကျောင်းသွားမလားလို့ မေးတော့ သားသွားပြီးပြီလေတဲ့ ။နက်ဖြန်သွားဦးမလားဆို သွားမယ်တဲ့ မနက်ဖြန်ရော ကျောင်းသွားချင် ဦးမလား လဲ မသိပါဘူး ။
သူ့အတွက် အရမ်းစိုးရိမ်စိတ်ပူပန်မနေပဲ ဘ၀ဆိုတဲ့ကျောင်းအတွက် တူလေးဘ၀မှာ သင်စရာတွေ အများကြီး ဗဟုသုတ အတွေ့ကြုံရဖို့ ဆိုတဲ့စိတ်နဲ့ ကျမအားတင်းရဦးမယ်နောက်နေ့တွေ အတွက် …
တူလေးက ခုဆို ၂ နှစ်နဲ့ ငါးလ အခြားသူ့ကျောင်းက ကလေးက ၃ နှစ် အထက်လေးတွေ ပြီးတော့ သူက ရှမ်းစကားပဲ ပြောတတ်တော့ သူ့ဆရာမနဲ့အားလုံးက ထိုင်းလိုပြောတော့ ပိုပြီး အဆင်မပြေဘူး ။နောက်ပိုင်းတော့လဲ အစစအရာရာ အဆင်ပြေ နေသားကျသွားမယ်လို့ပဲ အားတင်းဖြေသွားရမယ်...
တူလေးပဲရှိသေးတာ ကိုယ့်သားသမီးဆို မိဘတွေ ဘယ်လိုနေကြလဲ မသိဘူးနော် ...